Tuesday, October 21, 2014

အိုင်အက်စ်က ရောင်တော်ပြန်လား

စူပါပါဝါအင်အားကြီး အမေရိကန်ပြည်ထောင်စုကို အသေခံတိုက်ခိုက်ခဲ့သည့် အယ်လ်ကိုင်ဒါအဖွဲ့က မြန်မာကို ဂျီဟတ်ပစ်မှတ်အဖြစ် ကြေညာပြီး နှစ်လအတွင်း အကြမ်းဖက်သမား ၃၁ ဦးနှင့် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်။ထို့အတူ တစ်ကမ္ဘာလုံး၏ ဘုံရန်သူဖြစ်လာသော အစ္စလာမ်မစ်နိုင်ငံအဖွဲ့ (IS)သို့ ပူးပေါင်းသွားသော နိုင်ငံခြားသား အကြမ်းဖက်တိုက်ခိုက်ရေးသမား ၇၈၁ ဦးအနက် မြန်မာနိုင်ငံက ၇၀ ကျော် ပါဝင်ကြောင်း နိုင်ငံတကာသတင်းအချို့က ဖော်ပြလာသည်။

Wednesday, October 1, 2014

လူထုနှင့် တတိယလှိုင်း ပြုပြင်ပြောင်းလဲရေး - ( ပိုက်တင် )

တတိယလှိုင်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်က လူထုနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အစိုးရရဲ့ အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးကို ပြုပြင်မွမ်းမံဖို့ အဓိက ဦးတည်ခြင်း ဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေး အောင်မြင်ရင် အောင်မြင်သလောက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ ဖြစ်နိုင်တာ ဖြစ်ပါတယ်။ လူထုရဲ့ လူမှုဘဝ မြင့်မားရေးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိမှာလည်း ဖြစ်ပါတယ်။

Thursday, September 25, 2014

၈၈ ရဲ့ တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်း (အပိုင်း – ၁)

ဒီမိုကရေစီ, ပြည်သူ, ဘီဘီစီ,
ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှု များသည် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကမျှ ဦး ဆောင်ခဲ့၍မဟုတ် ပြည်သူ အသီးသီး၏ ရင်တွင်း ဆန္ဒများကို မိမိတို့ ဆန္ဒအလျှောက် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပါသည်။

ဦးတင်အောင်ဟိန်း (သို့မဟုတ်) ကျနော် မသိသော ပြည်သူ့အထောက်တော်
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ဘီဘီစီအသံလွှင့်ဌာနမှ ခရစ္စတိုဖာ ဂန်းနက်၊ ပီတာနေ တာရှစ်၊ ဦးအောင်မြင့်ထွန်းတို့အမည်ခံ၍ ထုတ်လွှင့်ခဲ့သော သတင်းအများစုမှာ စာရေးသူ ပေးပို့ခဲ့သော သတင်းများဖြစ်ခဲ့ပါသည်။ စာရေးသူ၏ မိတ်ဆွေ အပေါင်းအသင်းများ၊ သပိတ်ခေါင်းဆောင်များ၊ နယ်ပယ် အသီးသီးရှိ သပိတ်စခန်းပြည်သူများမှ စာရေးသူထံ စေတနာအလျောက် တက်တက်ကြွကြွပေးပို့ခဲ့သော သတင်းများကို စုစည်းတည်းဖြတ်ရရှိခဲ့သဖြင့်သာ ယခုကဲ့သို့ သတင်းပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ ၂၆ နှစ်ကြာ သတင်းပိတ်ဆို့မှုခံစားခဲ့ရသော မြန်မာပြည်သူများအတွက် မိမိတို့ပြည်တွင်း သတင်းမှန်ကို မမျှော်လင့်ဘဲ နားဆင်ခွင့် ရခဲ့သည့်အခါ လွတ်လပ်မှုတည်းဟူသော ဒီမိုကရေစီ ချင်ခြင်း တပ်မက်မှုကို တိုး၍တိုး၍ ဖြစ်စေခဲ့သည်ဟု စာရေးသူ ထင်မြင်ပါသည်။
စာရေးသူ ပေးပို့ခဲ့သော လွတ်လပ်သည့် အမြင်ပါရှိသည့် သတင်းတပုဒ်ချင်းသည် ၁၉၇၄ – ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တည်ဆောက်ထားသော မဆလ တပါတီ နိုင်ငံတော်နှင့် ပါတီဌာန ချုပ်အား တစစီပြိုလဲသွားစေရန် ပြည်သူများကိုယ်စားသတင်း အမြောက်ကျည် တတောင့်ချင်း ပစ်ခတ်၍ ဖြိုလှဲခဲ့သည်နှင့်မခြား ဖြစ်စေခဲ့သည်ကို သတင်းနှင့် နည်းပညာ နားလည်သူများကတော့ နားလည်လက်ခံနိုင် လောက်သည်ဟု ယူဆပါသည်။

Wednesday, September 17, 2014

မင်းသမီးကို သိန်း ၄၀၀၀တန် လင်ခရူဇာ လက်ဆောင်ပေးတဲ့ ကိုယ်ရေးအရာရှိ


တစ်ခေတ်တစ်ခါက ကားပါမစ်တွေ ပိတ်ထားတဲ့အချိန်ပေါ့ဗျာ။ မင်းသမီးလေးတစ်
ယောက်က အရမ်းလှ အရမ်း နာမည်ကြီးနေချိန်လည်း ဖြစ်တယ်။ ဒီအချိန်မှာ စစ်တပ်
ထဲမှာလည်း တပ်ဖွဲ့တစ်ဖွဲ့ အရမ်း လက်စောင်းထက် နေချိန်ပေါ့။ နိုင်ငံရဲ့စီးပွားရေး
ကလည်း သူတို့လက် သူတို့ခြေဖြစ်နေတယ်။ အဲဒီတပ်ဖွဲ့ရဲ့ အကြီးအကဲက ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်တယ်။ အများကတော့ မင်းသားကြီးလို့ ခေါ်ကြတယ်။
သူ့ရဲ့ကိုယ်ရေးအရာရှိကလည်း နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ တပည့်ဆိုတော့ ဆရာ့
ကို ချဉ်းကပ်ချင်ရင် တပည့်ကို အပိုင်ပေါင်းရတာပေါ့။ အဲဒီ ခေတ်က ခရိုနီ၊ ခရိုပြာတွေ
က အဲဒီကိုယ်ရေးအရာရှိ လက်ထဲကို သူတို့ရဲ့ ချက်လက်မှတ်တွေမှာ လက်မှတ်
ထိုးပြီး ငွေနေရာမှာ ဗလာထားလို့ အဲဒီကိုယ်ရေးအရာရှိကို အပ်ထားရတယ်။ ကိုယ်ရေး
အရာရှိက သူ့ဆရာအတွက်နဲ့ သူ့ဆရာ အလှူဒါနလုပ်တဲ့ နေရာမှာ ငွေလိုရင် အဲဒီချက်
စာအုပ်မှာ လိုချင်တဲ့ ငွေကိုဖြည့်ပြီး ထုတ်သုံး ရုံပဲ။ အဲဒီလောက်အထိ တန်ခိုးကြီးခဲ့
ပါတယ်။ ချက်စာအုပ် ကုန်ပြီဆိုတာနဲ့ သူဌေးတွေက နောက်ထပ် ချက်စာအုပ်တစ်အုပ်မှာ လက်မှတ်အပြည့်ထိုးပြီး ထပ်ပို့ပေးကြရတယ်။ သူဌေးတွေကလည်း လိုလိုလားလား
ပဲလေ။ ချက်စာအုပ်ထဲမှာ သုံးလိုက်တဲ့ငွေထက် အဆပေါင်းများစွာ အမြတ်အစွန်းရတဲ့ လုပ်ငန်းတွေကို ပြန်ရတာကိုး။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်နှင့် တွေ့ဆုံခြင်း

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် သည် Indiana University, Maurer School of Law မှ Doctor of Juridical Science ဘွဲ့ရရှိပြီးနောက် ဘွဲ့လွန်ပါရဂူ သုတေသီ (Post-Doctoral Fellow and Post Doctoral Appointee) အဖြစ် ရွေးချယ် ခန့်အပ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ Indiana University \ Center for Constitutional Democracy တွင် Co-founder နှင့် Assistant Director တာဝန်များကို ထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါ Myanmar Peace Center ၏ Legal Support Office တွင် ဥပဒေအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

Tuesday, September 16, 2014

ခိုင်မာသော ပါတီစုံစနစ်ပေါ်ပေါက်ရေး နှင့် ဒီမိုကရေစီ၏ အနာဂါတ်

( The Voice weekly )
ပါတီတွေ များများဖွဲ့စည်းပေါ်ပေါက်လာတိုင်းပါတီစံစနစ်ခိုင်မာပြီလို့
မဆိုနိုင်ပါဘူး။ သာမန်အားဖြင့် ပါတီများရင် ပါတီစုံစနစ်လို့ အလွယ်လေး
ယူဆမိတတ်ပါတယ်။ ပါတီစုံစနစ် ခိုင်ခိုင်မာမာပေါ်ပေါက်ရေးဟာ ထင်သလောက်မလွယ်ကူလှပါဘူး။ပါတီတွေ တစ်ခုထက်မက
ထူထောင်ခွင့်ပြုလိုက်တာနဲ့ သေချာပေါက် ဒီမိုကရေစီဖြစ်ပြီလို့လည်း
လုံးဝ ပြောလို့မရပါဘူး။