စူပါပါဝါအင်အားကြီး အမေရိကန်ပြည်ထောင်စုကို အသေခံတိုက်ခိုက်ခဲ့သည့် အယ်လ်ကိုင်ဒါအဖွဲ့က မြန်မာကို ဂျီဟတ်ပစ်မှတ်အဖြစ် ကြေညာပြီး နှစ်လအတွင်း အကြမ်းဖက်သမား ၃၁ ဦးနှင့် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်။ထို့အတူ တစ်ကမ္ဘာလုံး၏ ဘုံရန်သူဖြစ်လာသော အစ္စလာမ်မစ်နိုင်ငံအဖွဲ့ (IS)သို့ ပူးပေါင်းသွားသော နိုင်ငံခြားသား အကြမ်းဖက်တိုက်ခိုက်ရေးသမား ၇၈၁ ဦးအနက် မြန်မာနိုင်ငံက ၇၀ ကျော် ပါဝင်ကြောင်း နိုင်ငံတကာသတင်းအချို့က ဖော်ပြလာသည်။
မြန်မာ့နိုင်ငံရေးဆောင်းပါးများ
Tuesday, October 21, 2014
Wednesday, October 1, 2014
လူထုနှင့် တတိယလှိုင်း ပြုပြင်ပြောင်းလဲရေး - ( ပိုက်တင် )
တတိယလှိုင်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်က လူထုနဲ့
တိုက်ရိုက်သက်ဆိုင်ပါတယ်။ အစိုးရရဲ့ အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးကို
ပြုပြင်မွမ်းမံဖို့ အဓိက ဦးတည်ခြင်း ဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေး
အောင်မြင်ရင် အောင်မြင်သလောက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို
အထောက်အပံ့ ဖြစ်နိုင်တာ ဖြစ်ပါတယ်။ လူထုရဲ့ လူမှုဘဝ မြင့်မားရေးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိမှာလည်း ဖြစ်ပါတယ်။
Thursday, September 25, 2014
၈၈ ရဲ့ တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်း (အပိုင်း – ၁)
နေမင်း|
September 25, 2014 
ဒီမိုကရေစီ
တောင်းဆို ဆန္ဒပြမှု များသည် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကမျှ ဦး
ဆောင်ခဲ့၍မဟုတ် ပြည်သူ အသီးသီး၏ ရင်တွင်း ဆန္ဒများကို မိမိတို့ ဆန္ဒအလျှောက်
ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပါသည်။
ဦးတင်အောင်ဟိန်း (သို့မဟုတ်) ကျနော် မသိသော ပြည်သူ့အထောက်တော်
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ဘီဘီစီအသံလွှင့်ဌာနမှ ခရစ္စတိုဖာ ဂန်းနက်၊ ပီတာနေ တာရှစ်၊ ဦးအောင်မြင့်ထွန်းတို့အမည်ခံ၍ ထုတ်လွှင့်ခဲ့သော သတင်းအများစုမှာ စာရေးသူ ပေးပို့ခဲ့သော သတင်းများဖြစ်ခဲ့ပါသည်။ စာရေးသူ၏ မိတ်ဆွေ အပေါင်းအသင်းများ၊ သပိတ်ခေါင်းဆောင်များ၊ နယ်ပယ် အသီးသီးရှိ သပိတ်စခန်းပြည်သူများမှ စာရေးသူထံ စေတနာအလျောက် တက်တက်ကြွကြွပေးပို့ခဲ့သော သတင်းများကို စုစည်းတည်းဖြတ်ရရှိခဲ့သဖြင့်သာ ယခုကဲ့သို့ သတင်းပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ ၂၆ နှစ်ကြာ သတင်းပိတ်ဆို့မှုခံစားခဲ့ရသော မြန်မာပြည်သူများအတွက် မိမိတို့ပြည်တွင်း သတင်းမှန်ကို မမျှော်လင့်ဘဲ နားဆင်ခွင့် ရခဲ့သည့်အခါ လွတ်လပ်မှုတည်းဟူသော ဒီမိုကရေစီ ချင်ခြင်း တပ်မက်မှုကို တိုး၍တိုး၍ ဖြစ်စေခဲ့သည်ဟု စာရေးသူ ထင်မြင်ပါသည်။
စာရေးသူ ပေးပို့ခဲ့သော လွတ်လပ်သည့် အမြင်ပါရှိသည့် သတင်းတပုဒ်ချင်းသည် ၁၉၇၄ – ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တည်ဆောက်ထားသော မဆလ တပါတီ နိုင်ငံတော်နှင့် ပါတီဌာန ချုပ်အား တစစီပြိုလဲသွားစေရန် ပြည်သူများကိုယ်စားသတင်း အမြောက်ကျည် တတောင့်ချင်း ပစ်ခတ်၍ ဖြိုလှဲခဲ့သည်နှင့်မခြား ဖြစ်စေခဲ့သည်ကို သတင်းနှင့် နည်းပညာ နားလည်သူများကတော့ နားလည်လက်ခံနိုင် လောက်သည်ဟု ယူဆပါသည်။
Wednesday, September 17, 2014
မင်းသမီးကို သိန်း ၄၀၀၀တန် လင်ခရူဇာ လက်ဆောင်ပေးတဲ့ ကိုယ်ရေးအရာရှိ
တစ်ခေတ်တစ်ခါက ကားပါမစ်တွေ ပိတ်ထားတဲ့အချိန်ပေါ့ဗျာ။ မင်းသမီးလေးတစ်
ယောက်က အရမ်းလှ အရမ်း နာမည်ကြီးနေချိန်လည်း ဖြစ်တယ်။ ဒီအချိန်မှာ စစ်တပ်
ထဲမှာလည်း တပ်ဖွဲ့တစ်ဖွဲ့ အရမ်း လက်စောင်းထက် နေချိန်ပေါ့။ နိုင်ငံရဲ့စီးပွားရေး
ကလည်း သူတို့လက် သူတို့ခြေဖြစ်နေတယ်။ အဲဒီတပ်ဖွဲ့ရဲ့ အကြီးအကဲက ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်တယ်။ အများကတော့ မင်းသားကြီးလို့ ခေါ်ကြတယ်။
သူ့ရဲ့ကိုယ်ရေးအရာရှိကလည်း နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ တပည့်ဆိုတော့ ဆရာ့
ကို ချဉ်းကပ်ချင်ရင် တပည့်ကို အပိုင်ပေါင်းရတာပေါ့။ အဲဒီ ခေတ်က ခရိုနီ၊ ခရိုပြာတွေ
က အဲဒီကိုယ်ရေးအရာရှိ လက်ထဲကို သူတို့ရဲ့ ချက်လက်မှတ်တွေမှာ လက်မှတ်
ထိုးပြီး ငွေနေရာမှာ ဗလာထားလို့ အဲဒီကိုယ်ရေးအရာရှိကို အပ်ထားရတယ်။ ကိုယ်ရေး
အရာရှိက သူ့ဆရာအတွက်နဲ့ သူ့ဆရာ အလှူဒါနလုပ်တဲ့ နေရာမှာ ငွေလိုရင် အဲဒီချက်
စာအုပ်မှာ လိုချင်တဲ့ ငွေကိုဖြည့်ပြီး ထုတ်သုံး ရုံပဲ။ အဲဒီလောက်အထိ တန်ခိုးကြီးခဲ့
ပါတယ်။ ချက်စာအုပ် ကုန်ပြီဆိုတာနဲ့ သူဌေးတွေက နောက်ထပ် ချက်စာအုပ်တစ်အုပ်မှာ လက်မှတ်အပြည့်ထိုးပြီး ထပ်ပို့ပေးကြရတယ်။ သူဌေးတွေကလည်း လိုလိုလားလား
ပဲလေ။ ချက်စာအုပ်ထဲမှာ သုံးလိုက်တဲ့ငွေထက် အဆပေါင်းများစွာ အမြတ်အစွန်းရတဲ့ လုပ်ငန်းတွေကို ပြန်ရတာကိုး။
ယောက်က အရမ်းလှ အရမ်း နာမည်ကြီးနေချိန်လည်း ဖြစ်တယ်။ ဒီအချိန်မှာ စစ်တပ်
ထဲမှာလည်း တပ်ဖွဲ့တစ်ဖွဲ့ အရမ်း လက်စောင်းထက် နေချိန်ပေါ့။ နိုင်ငံရဲ့စီးပွားရေး
ကလည်း သူတို့လက် သူတို့ခြေဖြစ်နေတယ်။ အဲဒီတပ်ဖွဲ့ရဲ့ အကြီးအကဲက ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်တယ်။ အများကတော့ မင်းသားကြီးလို့ ခေါ်ကြတယ်။
သူ့ရဲ့ကိုယ်ရေးအရာရှိကလည်း နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ တပည့်ဆိုတော့ ဆရာ့
ကို ချဉ်းကပ်ချင်ရင် တပည့်ကို အပိုင်ပေါင်းရတာပေါ့။ အဲဒီ ခေတ်က ခရိုနီ၊ ခရိုပြာတွေ
က အဲဒီကိုယ်ရေးအရာရှိ လက်ထဲကို သူတို့ရဲ့ ချက်လက်မှတ်တွေမှာ လက်မှတ်
ထိုးပြီး ငွေနေရာမှာ ဗလာထားလို့ အဲဒီကိုယ်ရေးအရာရှိကို အပ်ထားရတယ်။ ကိုယ်ရေး
အရာရှိက သူ့ဆရာအတွက်နဲ့ သူ့ဆရာ အလှူဒါနလုပ်တဲ့ နေရာမှာ ငွေလိုရင် အဲဒီချက်
စာအုပ်မှာ လိုချင်တဲ့ ငွေကိုဖြည့်ပြီး ထုတ်သုံး ရုံပဲ။ အဲဒီလောက်အထိ တန်ခိုးကြီးခဲ့
ပါတယ်။ ချက်စာအုပ် ကုန်ပြီဆိုတာနဲ့ သူဌေးတွေက နောက်ထပ် ချက်စာအုပ်တစ်အုပ်မှာ လက်မှတ်အပြည့်ထိုးပြီး ထပ်ပို့ပေးကြရတယ်။ သူဌေးတွေကလည်း လိုလိုလားလား
ပဲလေ။ ချက်စာအုပ်ထဲမှာ သုံးလိုက်တဲ့ငွေထက် အဆပေါင်းများစွာ အမြတ်အစွန်းရတဲ့ လုပ်ငန်းတွေကို ပြန်ရတာကိုး။
ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်နှင့် တွေ့ဆုံခြင်း
ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် သည် Indiana University, Maurer School of
Law မှ Doctor of Juridical Science ဘွဲ့ရရှိပြီးနောက် ဘွဲ့လွန်ပါရဂူ
သုတေသီ (Post-Doctoral Fellow and Post Doctoral Appointee) အဖြစ် ရွေးချယ်
ခန့်အပ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ Indiana University \ Center for
Constitutional Democracy တွင် Co-founder နှင့် Assistant Director
တာဝန်များကို ထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါ Myanmar Peace Center ၏ Legal Support Office တွင် ဥပဒေအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
Tuesday, September 16, 2014
ခိုင်မာသော ပါတီစုံစနစ်ပေါ်ပေါက်ရေး နှင့် ဒီမိုကရေစီ၏ အနာဂါတ်
( The Voice weekly )
ပါတီတွေ များများဖွဲ့စည်းပေါ်ပေါက်လာတိုင်းပါတီစံစနစ်ခိုင်မာပြီလို့
မဆိုနိုင်ပါဘူး။ သာမန်အားဖြင့် ပါတီများရင် ပါတီစုံစနစ်လို့ အလွယ်လေး
ယူဆမိတတ်ပါတယ်။ ပါတီစုံစနစ် ခိုင်ခိုင်မာမာပေါ်ပေါက်ရေးဟာ ထင်သလောက်မလွယ်ကူလှပါဘူး။ပါတီတွေ တစ်ခုထက်မက
ထူထောင်ခွင့်ပြုလိုက်တာနဲ့ သေချာပေါက် ဒီမိုကရေစီဖြစ်ပြီလို့လည်း
လုံးဝ ပြောလို့မရပါဘူး။
ပါတီတွေ များများဖွဲ့စည်းပေါ်ပေါက်လာတိုင်းပါတီစံစနစ်ခိုင်မာပြီလို့
မဆိုနိုင်ပါဘူး။ သာမန်အားဖြင့် ပါတီများရင် ပါတီစုံစနစ်လို့ အလွယ်လေး
ယူဆမိတတ်ပါတယ်။ ပါတီစုံစနစ် ခိုင်ခိုင်မာမာပေါ်ပေါက်ရေးဟာ ထင်သလောက်မလွယ်ကူလှပါဘူး။ပါတီတွေ တစ်ခုထက်မက
ထူထောင်ခွင့်ပြုလိုက်တာနဲ့ သေချာပေါက် ဒီမိုကရေစီဖြစ်ပြီလို့လည်း
လုံးဝ ပြောလို့မရပါဘူး။
Wednesday, November 7, 2012
မဏ္ဍိုင်(၃)ရပ် အားပြိုင်မှုနှင့် အခြေခံဥပဒေခုံရုံး ကျရှုံးရခြင်းအကြာင်းအရင်းများ
by Moe Min Thar Gyi on Monday, November 5, 2012 at 5:48pm ·

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ အုပ်ချုပ်ရေးမဏ္ဍိုင် (နိုင်ငံတော်သမ္မတ)၊ ဥပဒေပြုရေးမဏ္ဍိုင်(လွှတ်တော်သုံးရပ်)နဲ့ တရားရေးမဏ္ဍိုင်(အခြေခံဥပဒေခုံရုံး) ဆိုပြီး မဏ္ဍိုင်ကြီးသုံးရပ် ပီပီပြင်ပြင်ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီမဏ္ဍိုင်ကြီးသုံးရပ်ရဲ့ အားပြိုင်မှုတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ မဏ္ဍိုင်ကြီးသုံးရပ် (ဒေါက်တိုင်ကြီးသုံးခု)က နိုင်ငံတော်ကို အားနဲ့မာန်နဲ့ ပင့်တင်နေရမယ့်အချိန်မှာ ပုဂ္ဂိုလ်စွဲ၊ မာနစွဲ၊ အာဏာစွဲတွေကြောင့် ပထမဆုံး ကျရှုံးပေးခဲ့ရတာကတော့ အခြေခံဥပဒေခုံရုံးပဲဖြစ်ပါတယ်။ ဘာကြောင့် အခုလို ကျရှုံးခဲ့ရတာလဲ၊ ဘယ်သူတွေနဲ့ ယှဉ်ပြိုင်ခဲ့ရလို့ နိုင်ငံတကာအလယ်၊ ပြည်သူတွေရဲ့ရှေ့မှောက်မှာ နောက်ဆုတ်ပေးခဲ့ရတာလည်းဆိုတာ သုံးသပ်ကြည့်ကြရအောင်။
အစိုးရအဖွဲ့သစ်ရဲ့ ဥပဒေပြုရေးမဏ္ဍိုင်မှာ လွှတ်တော်သုံးရပ်ပေါ်ပေါက်လာခဲ့ပါတယ်။ အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်(လွှတ်တော်နှစ်ရပ်ပေါင်း)တို့ ဖြစ်ကြပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့မှ ဥက္ကဌတို့အနေနဲ့ (၂)နှစ်ခွဲစီ အလှည့်ကျ တာဝန်ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ဟာ ပြည်ထောင်စုလွှတ်တော်ရဲ့နာယကဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းကတော့ ကျန်ရှိမယ့်(၂)နှစ်ခွဲကာလမှာ ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ် (ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၆ အရ)။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရတို့အကြားမှာ ဘယ်သူကပိုပြီးအာဏာရှိ သလဲဆိုတဲ့အချက်က ထင်ထင်ရှားရှား မသိခဲ့ကြပါဘူး။ သာမန်လူတစ်ဦးကိုမေးကြည့်လိုက်ရင် သမ္မတနဲ့ လွှတ်တော်ဥက္ကဌ ဘယ်သူကပိုမြင့်သလဲဆိုတဲ့မေးခွန်းကို ဖြေနိုင်သူရှားမယ်လို့ ထင်ပါတယ်။ ဒီလိုမျိုး ဇဝေဇ၀ါ ဖြစ်နေတဲ့အချက်ကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ထင်ထင်ရှားရှားပဲ ဖြေဆို ပြလိုက်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ လွှတ်တော်ကအတည်ပြုသမျှ၊ ပြောဆိုသမျှအတိုင်း ပြည်ထောင်စုအစိုးရက လုပ်ဆောင်ရမယ်ဆိုတဲ့အချက်ပါပဲ။ ဒါကို ဘာနဲ့ သက်သေပြလိုက်သလဲဆိုတော့ .
``တရားရေးမဏ္ဍိုင်ရဲ့ အဆင့်မြင့်ဆုံး အခြေခံဥပဒေခုံရုံးအဖွဲ့ကို အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အဆင့်မြင့်ဆုံးပုဂ္ဂိုလ် နိုင်ငံတော်သမ္မကြီးက နုတ်ထွက်စေခိုင်းခဲ့နိုင်သည်အထိ`` အာဏာပါဝါ ပြခဲ့လို့ပါပဲ။
နောက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌကြီးက နိုင်ငံတော်သမ္မတကြီးထံ သဝဏ်လွှာပေးပို့ရာမှာ .
``သမ္မတ၏ တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းပြီး ခုံရုံးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက မိမိသဘောဆန္ဒအလျောက် တာဝန်မှ အနားသွားစေရေး`` ဆိုတဲ့ သဝဏ်လွှာဟာ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်တို့ကို အမိန့်ပေးစေခိုင်းလို့ ရနေသလိုပါပဲ။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က သမ္မတကြီးအမိန့်နဲ့ နုတ်ထွက်ခဲ့ရတဲ့၊ ဖြုတ်ချခံခဲ့ရတဲ့ အခြေခံဥပဒေခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင် ရှစ်ဦး ဟာ ဝါရင့်ဥပဒေပညာရှင်ကြီးတွေချည်းဖြစ်ပြီး ဒေါက်တာ တင်အောင်အေးဆိုရင် ပြည်တွင်းတနိုင်ငံလုံးက ဥပဒေပညာရှင်အသိုင်းအဝိုင်းတစ်ခုလုံးနီးပါးဟာ သူ့တပည့်တွေချည်းပါပဲ၊ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာပါဝင်ခဲ့တဲ့ အတွေ့အကြုံရင့် ဥပဒေပညာရှင်ကြီး ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ဥပဒေပညာနဲ့ ပါရဂူဘွဲ့ရရှိခဲ့သူဖြစ်ပြီး ကျန်တဲ့အဖွဲ့ဝင်အားလုံးကလည်း ဥပဒေရေးရာမှာ ``ထုံးလိုမွှေ ရေလိုနှောက်`` နိုင်တဲ့သူတွေချည်းပါပဲ၊ လွှတ်တော်ရေးရာကော်မတီတွေကို ပြည်ထောင်စုအဆင့် ဟုတ်မဟုတ် ငြင်းခုံကြရာမှာ သူတို့တွေက ဥပဒေရေးရာအထောက်အထား အကိုးအကားတွေနဲ့ ဖြေရှင်းဆောင်ရွက်တာကို လွှတ်တော်အသိုင်းအဝိုင်း ကတော့ ပုဂ္ဂိုလ်ရေးခံစားချက်သက်သက်နဲ့ပဲ ``လွှတ်တော်ရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့ မူဝါဒနဲ့စွဲကိုင်ပြီး ဖြေရှင်းခဲ့လို့ ဒီလိုပညာရှင်ကြီးတွေ လက်တွဲဖြုတ်လိုက်ရတာဟာ တိုင်းပြည်အတွက် အလွန်အမတန်မှ နစ်နာလှပါတယ်။
ပြည်သူလူထုတစ်ရပ်လုံးကတော့ လွှတ်တော်ကော်မတီအသီးသီးအနေနဲ့ ပြည်ထောင်စုအဆင့်ဟုတ် သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပြည်သူတွေအတွက် ကောင်းကျိုးမဖြစ်နိုင်တာကတော့ အသေအချာပါပဲ၊ ဆိုးကျိုးဖြစ်နိုင် မဖြစ်နိုင်ကတော့ စောင့်ကြည့်ရအုံးမှာပါ။ ပြောရမယ်ဆိုရင် ပြည်သူတွေစိတ်မ၀င်စားပါဘူး။ ဒီကိစ္စမှာ စိတ်အ၀င်စားဆုံးသူကတော့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဖြစ်ပါလိမ့်မယ်။ ဦးရွှေမန်းအနေနဲ့ စစ်တပ်ထဲမှာနေစဉ်တလျှောက်မှာ ဦးသိန်းစိန် အထက်က နေလာသူဖြစ်လေတော့ ဒီမိုကရေစီအစိုးရ ခေတ်မှာလည်း သူ့အနေနဲ့ သမ္မတထက် ပိုပြီးပါဝါ ရှိတယ်ဆိုတဲ့အနေအထားကို လိုချင်၊ ပြချင်နေတာတော့ အမှန်ပါ။
ဒါကြောင့်လဲ လွှတ်တော်ကိုယ်စားလှယ်တွေကို ထိန်းချုပ်ပြီး လွှတ်တော်ကိုယ်စားပြုကော်မတီအသီးသီး ဟာပြည်ထောင်စုအဆင့်ဖြစ်တယ်ဆိုတဲ့ အချက်ကိုတစ်ပြားသားမှလျော့မပေးခဲ့ပါဘူး။ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနဲ့ ခုံရုံးအဖွဲ့ဝင်တွေနှုတ်ထွက်ပေးဖို့အထိ တောင်းဆိုလာခဲ့ပါတယ်။ ခုံရုံး ဘက်ကလည်း အထောက်အထားအကိုးအကားနဲ့ဖြေရှင်းပေမယ့် ပြည်ထောင်စုအဆင့်ပြဿနာဟာ လျော့နည်းမသွားခဲ့ပါဘူး။
နိုင်ငံတော်သမ္မတဦးသိန်းစိန်ကတော့ အရာရာကိုအကောင်းမြင်တတ်ပြီး ပြေလည်အောင်ဖြေရှင်းပေး တတ်သူဖြစ်တဲ့အတိုင်း ပြေလည်အောင်ဖြေရှင်းပေးခဲ့ပါတယ်။ သမ္မတရဲ့ဖြေရှင်းချက်က တကယ်ဆိုရင် တရားမျှတတယ်လို့ ပြည်သူတစ်ဦးအနေနဲ့ပြောချင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့နေ့တွက် စရိတ်ကပဲ တစ်ယောက်ကိုတစ်နေ့ကျပ်တစ်သောင်းဆိုတော့လွှတ်တော်ကျင်းပတဲ့ရက်တွေမှာ ကုန်ကျ တဲ့ငွေတွေကမနည်းပါဘူး။ ဒီကြားထဲမှာ တစ်ချို့လွှတ်တော်ကိုယ်စားလှယ်က ဘာမေးလို့မေးမှန်းမသိ ဖြစ်နေသလို ဖြေတဲ့သူကလည်း ကိုးရီးယားကား ကြည့်ရသလို မပြီးနိုင်မစီးနိုင်မို့ ပြည်သူတွေဘက်က ပြောရရင် သိပ်ပြီးဘ၀င်မကျလှပါဘူး။ လွှတ်တော်နဲ့ခုံရုံးကြားမှာ ဖြစ်ပျက်နေတဲ့ပြဿနာနဲ့ ပတ်သက်ရင်လဲ ပြည်ထောင်စုအဆင့်ဖြစ်ထိုက်၊ မဖြစ်ထိုက်ဟာ ပြဿနာလို့မမြင်ပါဘူး။ နိုင်ငံတော်သမ္မတရဲ့ အကြံပြုချက်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်လိုကပြင်ဆင်လိုက်ဖို့ပါပဲ။
ပြည်ထောင်စုအဆင့်ပေးရမယ်ဆိုရင် ကုန်ကျစရိတ်တွေများလှပါတယ်။အဆောင်အယောင်တွေပေးရပါ ဦးမယ်။ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပြည်ထောင်စုအဆင့်ပြဿနာမှာ ဘယ်ဘက်ကိုမှ လိုက်ပြီးပြောတာ ဆိုတာမတွေ့ရပါဘူး။ သူရဦးရွှေမန်းက တစ်ပြားသားမှ မလျော့တဲ့အခါကျတော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့် ခုံရုံးအဖွဲ့ဝင်များရာထူးမှ နှုတ်ထွက်ခွင့်ပြုခြင်းဆိုတဲ့ အကြောင်းအရာနဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ်၊ ၂၉/ ၂၀၁၂ကို စက်တင်ဘာလ (၆)ရက်နေ့မှာထွက်ပေါ်လာရတဲ့ အနေအထားကိုရောက်လာခဲ့ပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေအားလုံးဟာ အမှန်တကယ်တော့ ပြည်သူတွေလေးစားတဲ့ ပညာရှင်တွေဖြစ်ပါတယ်။သူတို့ဟာ လွှတ်တော်သုံးရပ်ကနေ ရွေးချယ်တာဝန်ပေး ထားသူတွေဖြစ်ပါတယ်။ ဥက္ကဌဦးသိန်းစိုးဆိုရင်လဲ စည်းကမ်းစနစ်ကောင်းသူတစ်ဦးအဖြစ် နာမည်ကောင်း ရှိသူဖြစ်ပါတယ်။ ကျန်တဲ့သူတွေလဲ ဒီအတိုင်းပါပဲ ဥပဒေပညာရှင်၊ စာပေပညာရှင်တွေအဖြစ် သတင်းမွှေးသူတွေဖြစ်ကြပါတယ်။
အခုတော့ ဘာမဟုတ်တဲ့ ပြည်ထောင်စုအဆင့်သတ်မှတ်ရေး အငြင်းပွားနေတဲ့ကိစ္စရပ်ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်တွေ မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်သွား ကြရပါပြီ။ ဒါဟာပြည်သူ့လွှတ်တော်ဥက္ကဌကြီးရဲ့ အများသူငါ မသိသေးတဲ့ အာဏာပြိုင်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ရလဒ်ပဲဖြစ်ပါတယ်။ တနည်းပြောရယင် လွှတ်တော်အထက်မှာ ဘယ်သူမှမရှိရဘူးဆိုတဲ့ အတ္တစိတ်ကြောင့်လို့ပြောနိုင်ပါတယ်။ လွှတ်တော်နဲ့ အစိုးရတို့ရဲ့ အာဏာပြိုင်ဆိုင်မှုတွေကြောင့် မြေဇာပင် ဖြစ်သွားရတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေအတွက် အလွန်ပဲနှမြောမိပါတယ်။
အခုလည်း မိုးကောင်းကင်မှာပဲနေချင်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌကြီးက ပြောပြန်ပါပြီ.. ``အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနဲ့အဖွဲ့ နှုတ်ထွက်သွားပြီဖြစ်တဲ့အတွက် သူတို့အဖွဲ့ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေ၊ ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေကလည်း တရားမဝင်တော့ဘူး၊ ဒါကြောင့်မို့ လွှတ်တော်ကနေ တင်သွင်းခဲ့တဲ့ လွှတ်တော်မှဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့ဝင်များဟာ ပြည်ထောင်စုအဆင့်ဖြစ်တယ်ဆိုတာကို ခုံရုံးက ပြည်ထောင်စုအဆင့်မဟုတ်ပါဘူးလို့ ဆုံးဖြတ်ခဲ့တာဟာ အခုတော့ အခြေခံဥပဒေဆိုင်ရာခုံရုံးမရှိတော့တဲ့အတွက် အဲဒီဆုံးဖြတ်ချက်ဟာ တရားမဝင်တော့ဘူး၊ သူတို့လွှတ်တော်တွေရဲ့ ကော်မတီ၊ ကော်မရှင်နဲ့အဖွဲ့ဝင်တွေဟာ ပြည်ထောင်စုအဆင့်အလိုလိုဖြစ်သွားပြီဆိုတဲ့ သဘောကို ပြောပြလိုက်ခြင်းပဲဖြစ်ပါတယ်``။ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော် ဥက္ကဌကြီးက တင်သွင်းတဲ့ သဝဏ်လွှာမှာ "လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့ဝင်များအား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ်သည့်နည်းလမ်းကိုသုံးရန် ပြည်သူ့လွှတ်တော်ဥက္ကဌက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်းကို လွှတ်တော်ကအတည်ပြုလိုက်တယ်လို့" သိရပါတယ်။ မပြီးဆုံးနိုင်သေးတဲ့ ပြည်ထောင်စုအဆင့် အားပြိုင်မှုကြီးကဆက်လက်အသက်ဝင်နေဆဲပါပဲ။
ဒီမိုကရေစီကိုချီတက်နေတဲ့ခရီးလမ်းမှာ လစ်လပ်သွားတဲ့နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်တွေရွေးချယ်ပေးကြရပါဦးမယ်။ ပြီးရင် စိတ်သဘောချင်း မတိုင်ဆိုင်လို့ နှုတ်ထွက်ခိုင်းရဦးမယ် ဆိုရင်....ကိုယ်မွေးတဲ့ကြက် ကိုယ်ရိုက်ချက်စားသလိုမျိုး ဖြစ်နေဦးမှာပါပဲ။ မပြီးဆုံးသေးတဲ့ပန်းချီကားတစ်ချပ် ဖြစ်နေပြီး လူကောင်းသူကောင်းတွေ ဆုံးရှုံးပြီးရင် ဆုံးရှုံးရင်း ဖြစ်နေတော့မှာ မလွဲဘူးလို့ ဆိုချင်ပါတယ်။ ။
Subscribe to:
Comments (Atom)